ချိုးသုတေသန
သုတေသနဆိုသည်မှာ အမျိုးသားတခု တိုင်းပြည်တခု နိုင်ငံတခုအတွက် မရှိမဖြစ်သော အရာဖြစ်သည်။ မည်သည့် အရာကိုမဆို သုတေသနပြုရန်လိုအပ်သည်။ သုတေသနမရှိပါက လက်တွေ့အရာတွင် အံဝင်ဂွင်ကျ မဖြစ်နိုင်ပါ။ ဤ သုတေသနအခန်းတွင် သမိုင်းသုတေသန Historical Research နှင့် ဖွံဖြိုးရေးသုတေသန Development Research ဟူ၍ နှစ်ပိုင်းထားရှိပါသည်။
သာယာဝပြောသော လူ့ဘောင်ဘ၀တည်ဆောက်ရာ၌ လိုအပ်သောအပိုင်းကဏ္ဍများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနှင့် အခြားကဏ္ဍများဟူ၍ ပိုင်းခြားရပါသည်။ ဤအရာအားလုံးကို အမျိုးသားရေး သို့မဟုတ် အမျိုးသားရေး လို အပ်ချက်များဟု ဆိုနိုင်ပါသည်။ ဤအရာအားလုံးတို့အနက် နိုင်ငံရေးသည် အမျိုးသားရေးဦးဆောင်ကဏ္ဍ ဖြစ်ပါ သည်။ အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးမူဝါဒလမ်းစဉ် ချမှတ်ရာတွင် သမိုင်းနှင့်ကင်းလွတ်၍ မရနိုင်ပါ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် သဟဇာတဖြစ်ရပါမည်။ သို့ဖြစ်ရာ ချိုးတိုင်းရင်းသားများအတွက်လည်း သမိုင်းသုတေ သနအဖွဲ့ သို့မဟုတ်သမိုင်းကော်မရှင် လိုအပ်လာသည်။ ဤအရာပေါ်ပေါက်နိုင်ရေးကိုရည်ရွယ်၍ သမိုင်းသုတေသ နအခန်းကို အင်တာနက်တွင် ထားရှိပါသည်။ မိမိတို့၏ သမိုင်းသုတေသနပြုချက်များကို ချိုးတိုင်းရင်းသား အားလုံး လေ့လာနိုင်ရန် ပေးပို့စေလိုပါသည်။
ဖွံ့ဖြိုးရေးသုတေသနအခန်းကို အထွေထွေသုတေသနအဖြစ်ရည်ရွယ်ထားရှိခြင်း ဖြစ်ပါသည်။ စီးပွားရေး၊ လူမှုရေး နှင့် အခြားကဏ္ဍများ ဘက်စုံတိုးတက်ဖွံ့ဖြိုးနိုင်ရန်အလို့ငှာ မည်သည့်တွေ့ရှိချက်၊ သုတေသနပြုချက်ကိုဖြစ်စေ ဤကဏ္ဍသို့ ပေးပို့စေလိုပါသည်။ ဥပမာ- ယနေ့အမေရိကန်သည် အစစအရာရာတွင် ထိပ်ဆုံး၌ရှိသောနိုင်ငံ ဖြစ် ပါသည်ဆိုလျှင် ငြင်းပယ်ရန် မရှိပါ။ ယင်းအမေရိကန်ထက်စော၍ တိုးတက်သည်မှာ ဥရောပဖြစ်သည်။ အမေရိကန် အား ထိပ်ဆုံးသို့တွန်းပို့သောအရာ သည်သုတေသနဖြစ်သည်။ သုတေသနအဖွဲ့ကို ဦးစွာတည်ဆောက်သည်။ အမေရိကန်၏ ဖွံဖြိုးတိုးတက်ရေးကို မည်သည့်အရာဖြင့် လမ်းဖွင့်ဦးဆောင်မည်နည်း။ မည်သည့်အရာကအခြေခံအ ကျဆုံး ဖြစ်သနည်း။မည်သည့်အရာများက နောက်ကလိုက်ရမည်နည်း။ ဥရောပကို စက်မှုက လမ်းဖွင့်ဦးဆောင် ခဲ့ သည်။ အမေရိကန်ကိုမူ သုတေသနလမ်းညွှန်ချက်အရ လျှပ်စစ်က လမ်းဖွင့် ဦးဆောင်ခဲ့သည်။ သုတေသနက မည်မျှတိုးတက်လာသနည်းဆိုလျှင် စားသုံးသူက ခရမ်းချဉ်သီးကို အလုံးက လှီးရခက်သည်၊ ကြာ သည်၊ အတောင့်ဖြစ်လျှင်ပိုကောင်းမည်၊ အတောင့်သီးလာရန် သုတေသနပြုသည်၊ အတောင့်ရလာပြီးလျှင်လည်း စားသုံးသူက လေး တောင့်ဖြစ်လျှင်ပိုကောင်းမည် ပြောပြန်သည်။ လေးတောင့်ရရန်သုတေသနလုပ်ရပြန်သည်။ ခရမ်းချဉ်သီးတလုံး အတွက် ကုန်သောအချိန်ကိုပင် တန်ဘိုးထား၍ သူတေသနလုပ်သည်။
ဆိုလိုသည်မှာ ချိုးလူမျိုး၊ ချိုးဒေသ အခြေအနေက မည်သို့ရှိသည်။ မည်သည့်အရာဖြင့် မည်သည့်အတွက် မည်သို့ မည်ပုံ လမ်းဖွင့်သင့်သည်။ မည်သည့်အရာပြီးလျှင် မည်သည့်အရာများက လာမည် စသည့် သုတေသနပြုချက်များ ကိုဖြစ်စေ၊ မည်သည့် အကြီးအမား အသေးအဖွဲ ကိစ္စမဆိုတန်ဘိုးရှိသည်ဖြစ်ရာ မည်သည့်အရာကို သုတေသနပြု သည်ဖြစ်စေ ပေးပို့စေလိုပါသည်။ ဤသုတေသနစာတမ်းများကို စာအုပ်တအုပ်ပမာဏ ရှိလာတိုင်း အမည်တခုခု ဖြင့် စာအုပ်အခန်းတွင်ဆက်လက်ဖော်ပြမည်ဖြစ်သည်။
သတင်းနှင့် ပြန်ကြားရေးဌာန
ချိုးတိုင်းရင်းသားကောင်စီ