"ချိုး"ဘာသာစကားနှင့် "ချိုး"စာပေ
ချိုးလူမျိုးတို့သည် ကွဲပြားသောယဉ်ကျေးမှုနှင့် ဘာသာစကားကို ပိုင်ဆိုင်ကြသည်။ ယင်းသည် ချိုးလူမျိုး၏ ထူခြား ချက်တခုပင် ဖြစ်ပါသည်။ Mün kchi (Mün dialect), Mkang kchi (Mkang dialect), Dai kchi (Dai dialect), Ukpu kchi (Ukpu dialect), NgGah kchi (NgGah dialect) စသည့် ဒေသိယစကားများ ရှိသည်။ ယင်းတို့အား လုံးကို KCho nghtu, KCho kchi (KCho language) ချိုးဘာသာ၊ ချိုးဘာသာစကား ဟု ခေါ်ပါသည်။
ဤဒေသိယ စကား (Dialect)အားလုံးကို ရေးသားရန် KCho Ca-nglung (KCho Alphabet)များ ရှိပါသည်။ ၄င်း ချိုးဘာသာစ ကား KCho Language ကိုရေးသားသည့် ချိုးစာပေ KCho Literatureပေါ်ပေါက်လာပုံသမိုင်းကြောင်း ကို Background History တွင်ဖော်ပြထားပါသည်။
ယင်းနောက်ကြောင်းသမိုင်းဖတ်ရှုပြီးသည့်နောက် KCho Writing System ကို ဖတ်ရှုနိုင်ပါသည်။အာဏာရှင်အစိုးရ အဆင့်ဆင့် ကြီးစိုးမှုအောက်၌ ချိုးအမျိုးသားများအနေဖြင့် မိမိတို့ဘာသာစကား၊စာပေအရေးအရာကိုပင်လျှင် ညှိ နှိုင်းတိုင်ပင် နှီးနှောခွင့်မရသောကြောင့် ယနေ့အထိ မပြည့်စုံနိုင်သေးသည်ကို တွေ့ရှိရပေမည်။ ကုံလုံပြည့်စုံ ထယ်ဝါခံ့ညားသော ချိုးစာပေအဆင့် ရောက်ရှိရန် ချိုးစာပေနှီးနှောဖလှယ်ပွဲ၊ ချိုးစာအဖွဲ့တို့ ပေါ်ပေါက်လာစေခြင်းငှာ ရည်စူးထားပါသည်။ ချိုးစာအဖွဲ့ ရှိလာသောအခါ သဒ္ဒါ၊ အဘိဓါန်များလည်းပေါ်ပေါက်လာမည်ဖြစ်၍ ဤအခန်းတွင် ထားရှိရန် ရည်မှန်းထားပါသည်။ ချိုးအမျိုးသားတိုင်း ၀ိုင်းဝန်းရွက်ဆောင်ကြရန် တိုက်တွန်းပါသည်။
နောက်ထပ်တဆင့်လျာထား ထားရှိသောအခန်းမှာ KCho Language Learning Program ဖြစ်ပါသည်။ အင်တာနက် သင်ကြားရေး အစီအစဉ်ဖြစ်ပါသည်။ အသံသွင်း ပို့ချချက်များကို ဖွင့်ယူနားဆင်သင်ယူနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ချိုးတိုင်းရင်းသားကောင်စီ