Lorem ipsum dolor

Dawnload  Zawgyi-One-20071230.ttf

You must dawnload zawgyi burmese font to read this website

K'chopakhui free email service 

Lawngmen Media

K'cho music, K'cho videos and K'cho ca

 

K'CHO CULTURE

 

K'CHO GALLERY

 

 

 

K'CHO SONGS

 

 

K'CHO VIDEOS

 

CULTURE AND HISTORY BOOKS

 

 

 

K'CHO CULTURE

                                      ‘ချိုး’ ရိုးရာယဉ်ကျေးမှု

ချိုးတိုင်းရင်းသားလူမျိုးတို့၏ ထူခြားချက်မှာ ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု ရှိခြင်း ဖြစ်သည်။ အမျိုး အနွယ်များဆင်းသက်လာပုံကို လေ့လာပါက တမျိုးတနွယ်တည်း ဖြစ်သည်ကို တွေ့ရှိရပေမည်။ အမျိုးမခြားသော် လည်း တတောင်ကွယ် တရွာခြားလျှင်ပင် ဘာသာစကား၊ ယဉ်ကျေးမှုတမျိုးတဖုံ ဆန်းပြားသွားသည်ကို တွေ့ရှိနိုင် ပါသည်။ တသွေး တသံ တမိန့် အုပ်ချုပ်လိုသော အာဏာရှင်တို့၏ ဓလေ့စရိုက်တွင်မူ တကျောင်းတကာထာတရွာ တပုဒ်ဆန်းသော ကွဲပြားမှုကို အလိုမရှိတတ်ကြဘဲ တသွေးတရောင် တဆင်တည်းဖြစ်ရန် ‘ဘုံ’ ဆိုသော ပုံစံခွက်အတွင်း ဇွတ်အတင်း သွတ်သွင်းမှုများ ရှိတတ်ပါ သည်။ မည်သို့ပင်ဖြစ်စေ၊ ရောင်စုံပန်းတို့ဖြင့် ဖူးပွင့်ဝေဆာနေသော ချိုးယဉ်ကျေးမှုများကို အရှိသဘာဝအတိုင်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါရန် ချိုးအမျိုးသား များသို့ ပန်ကြားပါသည်။ အ၀တ်အစား အဆင်အယင်၊ အတီးအမှုတ်၊ အဆိုအက၊ စကားလေသံ ကွဲသွားရုံဖြင့်လူက ခြားနားသွားခြင်းမဖြစ်စေဘဲအရှိအားလုံးကို ရှိနေသူအားလုံးက အတူတကွ လေးစားမြတ်နိုး ပိုင်ဆိုင်ကြကုန်သော တညီတညွတ်ရှိသည့် အမျိုးသားအစုအစည်းထု ဖြစ်စေရပါမည်။ ‘ချိုး’၏ ယဉ်ကျေးမှုကို အုပ်စုအားဖြင့် Mün, M'kang, Dai, Ukpu, NgGah စသည်ဖြင့် တွေ့ရှိနိုင်ပါသည်။ ထိုထိုသော မြတ်နိုးခုံမင်ဘွယ် သာယာနာပျော်ဘွယ်ရာများဖြင့် လှပတင့်တယ်နေသော ချိုးယဉ်ကျေးမှုများကို ကြည့်ရှု နားဆင်နိုင်ရန်အလို့ငှာ ဓါတ်ပုံများ၊ တေးသီချင်းများ၊ ဗီဒီယိုများဟူ၍ ကဏ္ဍသုံးခု ထားရှိပါသည်။ မိမိတင်ဆက်လိုသောအရာကို ပေးပို့ပါကလည်း ဖော်ပြပေးမည် ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

ချိုးတိုင်းရင်းသားကောင်စီ

 

Copyright Ž 2009 chopakhui.com/choethnic

K'cho Ethnic
 CHOPAKHUI.COM 

K'cho Ethnic Website