Back to Oraganizations page

 

 

  The Brief Background Process 

Read More

  K'cho Ethnic Council

Read More

 K'cho Ethnic Associations 

Read More

  K'cho Domestic Organizations 

Read More

 

 

K'CHO PEOPLE ARMY 

 

ချိုးပြည်သူ့တပ်တော်၏ နောက်ကြောင်းရာဇ၀င်အကျဉ်းချုပ်

 

 

ဗြိတိသျှခေတ်

နယ်ချဲ့အင်္ဂလိပ်စတင်ဝင်ရောက်လာကတည်းက ယင်းကျူးကျော်စစ်ကို လက်နက်ကိုင်၍ ခုခံတွန်းလှန်ခဲ့သည်။ ၁၈၈၆တွင်စတင်ခဲ့သော ချိုးနှင့် အင်္ဂလိပ်တို့၏ တိုက်ပွဲများသည် ၁၉၃၉တိုင်အောင်နေရာကွက်၍ အဆက်မပြတ် ရှိနေခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေးဆိုလျှင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိ ချိုးဒေသတွင်အစဉ်သ ဖြင့် အဆင်သင့်ရှိနေခဲ့သည်။ လက်နက်ကိုင်ရခြင်း အကျိုးကျေးဇူးကြောင့် ချိုးဒေသသည် အင်္ဂလိပ်အုပ်ချုပ်ရေး အောက်သို့ လုံးလုံးလျားလျား ကျရောက်ခြင်းမရှိဘဲ တစိတ်တပိုင်းမျှသာ ကျရောက်ခဲ့သည်။ ၁၉၂၈ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ပေါ်ပေါက်လာသည့် ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်တော်လှန်ရေး အပြင် အကြမ်းမဖက် နိုင်ငံရေးအံတုတော်လှန်ခြင်းနည်းလမ်းများပါ တိုးတက်လာခဲ့သည်။ ယင်းအပြင် ၁၉၄၁ နှစ် ကုန်ပိုင်းတွင်စတင်ပေါ်ပေါက်လာသော ဒုတိယကမ္ဘာစစ်အရှိန်ကလည်း အထောက်အကူတစ်ရပ်ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် အင်္ဂလိပ်ကို ချိုးဒေသမှ အပြီးအပိုင်မောင်းထုတ်နိုင်ခဲ့ပြီး ၁၉၄၂ခုနှစ် ဧပြီလ ()ရက်နေ့တွင် လွတ်လပ် ရေးကို ကြေငြာခဲ့သည်။ တက်လာသည့် ဂျပန်အစိုးရသည်လည်းကောင်း၊ ဂျပန်ဖွဲ့စည်းပေးသည့် ဒေါက်တာဘမော် အစိုးရသည်လည်းကောင်း ချိုးလွတ်လပ်ရေးကို အသိအမှတ်ပြုကြသဖြင့် ၁၉၄၂မှ ၁၉၄၅အထိ ခမညဖအစိုးရသည် ပြင်ပစွက်ဖက်မှုနှင့်အကူအညီကင်းရှင်းစွာချိုးဒေသကို အပြည့်အ၀ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။ ခမညဖ၏ ၁၉၄၅ အင်္ဂ လိပ်ပြန်အ၀င်ကို အသာတကြည်လက်ခံခြင်း၊ ချင်းတောင်တော်လှန်ရေးတပ်ဖွဲ့များအား မြန်မာနိုင်ငံလွတ်လပ်ရေး ရသည် အထိအဆင်သင့် ရှိနေစေခြင်းတို့သည် ဦးဝမ္မသူးမောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့၏ မဟာဗျူဟာ အစီအစဉ် ဖြစ်သည်။

 

လွတ်လပ်ရေးရပြီး ဦးနုနှင့် ပါလီမန်ဒီမိုကရေစီခေတ်

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလတွင် မည်သည့်အရေးကိစ္စကိုမဆို ဆွေးနွေးရန် ပါလီမန်ရှိနေပြီဟုသဘောထား ရှိ၍ လက်နက်ကိုင်ရန်မလိုအပ်တော့ကြောင်း ချိုးဒေသက ဖျက်သိမ်းစွန့်လွှတ်ခဲ့ သည်။

 

နေ၀င်းနှင့် မဆလခေတ်

၁၉၆၂တွင် ဗိုလ်နေ၀င်းဦးစီးသောစစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်အတိုင်း ချီတက်မည်ဟု ဟစ်ကြွေးခဲ့သည်။ သို့သော်လည်း များမကြာမီပင် မင်းသားခေါင်းဆောင်းသော ဘီလူးရုပ်ကပေါ် လာပါသည်။ ထိုအရာကို သတိပေးစကား စပြောနေစဉ်မှာပင် ချင်းအမျိုးသားဖခင်ကြီး ဦးဝမ္မသူးမောင်းသေဆုံးသွား ရခြင်းသည် မဆလအား သက်သာရာ ရစေခဲ့သည်။ ထို့အပြင် ဦးထန်းလိန်းဂေကဲ့သို့သော အားကိုးအားထားရ သည့် ပုဂ္ဂိုလ်များကျဆုံးသွားကြပြန်ရာ ချိုးလက်နက်ကိုင်အဖွဲ့ ပြန်လည်ပေါ်ပေါက်ရေးမှာ လမ်းစ ပျောက်ဆုံးသွား ခဲ့သည်။

န၀တ၊ နအဖခေတ

၁၉၈၈ ဒီမိုကရေစီအရေးအခင်းနှင့် ဆက်၍ အိန္ဒိယနယ်စပ်တွင် CNF ဖွဲ့စည်းကြောင်း ကြားသိကတည်းက ကိုယ် စား လှယ်စေလွှတ်ခဲ့ပါသည်။ သို့သော် CNF သည် ‘ချိုး’ကလိုလားသော မျိုးနွယ်စုတပ်ဖွဲ့များစုပေါင်းသည့် တပ်ပေါင်းစုကို မည်သည့်အခါမျှ လက်မခံခဲ့သဖြင့် ‘ချိုး’ကပါဝင်ပူးပေါင်းခြင်း မရှိခဲ့ချေ။ CNF တွင်လည်းကောင်း အခြား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များတွင်သော်လည်းကောင်း လူပုဂ္ဂိုလ်အားဖြင့်ပါဝင်သော ‘ချိုး’အမျိုးသားများရှိပါ သည်။ ‘ချိုး’ လက်နက်ကိုင်အဖွဲ့ သီးခြားထူထောင်ရေး လိုအပ်နေမှုကိုမူ မည်သူမျှ အထောက်အကူမပြုခဲ့ပေ။ အစိုးရ တစ်ရပ်ကို ဖြုတ်ချရန် အစိုးရတစ်ရပ် ရှိရမည်။ နိုင်ငံတော်၏စစ်တပ်နှင့် နိုင်ငံတော်၏ အာဏာကိုဆုပ်ကိုင်ထားသော အစိုးရကို အပ်တိုတချောင်းမျှမကိုင်သည့် အစိုးရက ဖြုတ်ချနိုင်လိမ့်မည်ဟု ‘ချိုး’ကမယုံကြည်။ နအဖကိုဖြုတ်ချနိုင်သည့် အစိုးရ ရရှိ ရန် - အရှို၊ ချိုး၊ ခူမီး၊ လိုင်မီး၊ နာဂ၊ ဇိုမီးဟူသောအစိုးရနှင့် တပ်ဖွဲ့များ ‘ချင်း’ဆိုသည့် ဗဟိုတခုတွင် စုစည်းရန်၊ ထပ်ဆင့်၍ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ဗမာ အစိုးရနှင့်တပ်မတော်များ ‘ပြည်ထောင်စု’ခေါ်သည့် ဗဟိုတွင်စုစည်းရန်၊ ယင်းပြည်ထောင်စုအစိုးရရှိခဲ့ပါမူ နအဖ မပြုတ်မရှိပါဟု ‘ချိုး’က ယုံကြည်သည်။ အမျိုးနှင့် စုစည်းလျှင်လူမျိုးအားလုံးပါဝင်၍ ပါတီနှင့်စုစည်းလျှင် အမည်ခံအစုနှင့်အမည်ခံတော်လှန်ရေးသာ ဖြစ်မည်ဟူ သော‘ချိုး’၏ ယုံကြည်ချက်၊ အဆိုပြုချက်၊ လုပ်ဆောင်ချက်များကို ‘ချိုး’ကိုယ်၌က လက်နက်ကိုင်အင်အား လိုအပ်နေ သဖြင့် မည်သူကမျှ အရေးမစိုက်ခဲ့ချေ။ လူထုသို့ဆက်ကြေးမကောက်လိုသော၊ ဘိန်းရောင်းငွေရှာခြင်းကိုလည်း မကြိုက်သော ‘ချိုး’အဘို့ လက်နက်ကိုင်ထူထောင်ရေး ဆိုသည်ကလည်း နည်းသည့်စရိတ်မဟုတ်သဖြင့်လိပ်ခဲတင်း လင်းအခြေ၌ ရှိနေခဲ့သည်။ ‘လိုလျှင်ကြံဆ နည်းလမ်းရ’ဟူသော စကားကို လက်ကိုင်ပြု၍ ၂၀၀၀ခုနှစ် ၂၀၀၁ခုနှစ် များ၌နာဂလက်နက်ကိုင်အဖွဲ့နှင့်ပထမ၊ မီဇိုးလက်နက်ကိုင်အဖွဲ့များနှင့်ဒုတိယ စသဖြင့်ဆွေးနွေးတိုင်ပင်အကူအညီ တောင်းခံခဲ့သည်။ CNF ကို KIA က မွေးထုတ်မတည်ပေးခဲ့သကဲ့သို့သော အကူအညီကိုအဆိုပြုခဲ့သည်။ ရရှိသော အကူ အညီမှာ ‘ ကိုယ့်ဟာကိုယ် ထူထောင်ပါ၊ ငါတို့လိုသည့် လက်နက်ကိုသယ်ပေးပါ၊ ဆယ်လက်တလက်နှုန်းသယ် ခပေးမည်၊ လက်နက်ကိုင်ဆိုသည်မှာ ဤသို့စတင်ထူထောင်ရသည်’ ဟူသော လမ်းညွှန်ချက်ဖြစ်သည်။ ချိုးလူငယ် အချို့သည် လက်နက်ကိုင်ရေးကို အလွန်အမင်း လိုလားတောင့်တနေကြသည်။ ယင်းကို PuTail Khar ဆိုသူက အမြတ်ထုတ်ခဲ့ သည်။ Tail Khar အကြောင်းသိရှိလာကြချိန်တွင် ၄င်း၏လက်မှချိုးလူငယ်များကို အဓမ္မ ပြန်ဆွဲထုတ်ခဲ့ရသည်။ ဇို၊ လိုင်၊ ချိုး၊ ခူမီး အစုံပါသော ချင်းအမျိုးသားညွန့်ပေါင်းတပ်မတော်ကို ဦးစွာထူထောင်၍ ယင်းတပ်မတော် တွင် ဇို၊ လိုင်၊ ချိုး၊ ခူမီးတပ်ဖွဲ့များတိုးချဲ့ဖွဲ့စည်းရန်၊ ဇို၊ လိုင်၊ ချိုး၊ ခူမီး ညီလာခံဆုံးဖြတ်ချက်ကို အားလုံးက တသွေ မတိမ်းလိုက်နာရန် သဘောတူညီချက်ဖြင့် လိုင်ကိုယ်စားလှယ်ဖြစ်သော Pu Tail Khar ကို ဥက္ကဌတင်မြှောက်၍ Chin National Confederation Army ကို သက္ကရာဇ် ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ()ရက်နေ့တွင် စတင်ဖွဲ့စည်း ကြကြောင်း၊ သက္ကရာဇ် ၂၀၀၄ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ ညီလာခံကျင်းပရက်တွင် ၄င်း Pu Tail Khar ၏ တစ်ဦးတည်းဆန္ဒဖြင့် လက်ဝါးကြီးအုပ်အမြတ်ထုတ်လုပ်ဆောင်မှု ပြစ်ချက်များပေါ်လွင်ထင်ရှားလာသဖြင့် ညီလာခံ ဖျက်သိမ်း၍ Chin National Confederation Army မှ အပြီးအပိုင်နှုတ်ထွက်ကြကြောင်း၊ ယင်းအချိန်မှစ၍ ချိုးလူငယ်များတပ်မတော် KCho Youth Army အဖြစ်သီးခြားရပ်တည်လာခဲ့ကြကြောင်း၊ သက္ကရဇ် ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ()ရက်နေ့တွင် တရားဝင်ထူထောင်ကြောင်း ချိုးလူငယ်များတပ်မတော်မှ အစီရင်ခံပါသည်။ (KCho Freedom Fighters’ Back Bag Army ဟု ကီးလဲအောမ်းက အမည်ပေးခဲ့သည်)။ ချိုးတိုင်းရင်းသား အစည်းအရုံးများနှင့် ချိုးတိုင်းရင်းသားကောင်စီ ပေါ်ပေါက်လာချိန်တွင် ချိုးလူငယ်များတပ်မတော်ကိုလည်း ‘ချိုးပြည်သူ့တပ်မ တော်’ ဟူ၍ အမည်ပြောင်းလဲ ပြင်ဆင်ခဲ့ သည်။ ချိုးပြည်သူ့တပ်မတော်သည် ၂၀၀၈ခုနှစ် မေလတွင်ကျင်းပသော နအဖ၏ ဆန္ဒခံယူပွဲမဲရုံအချို့ကို သွားရောက်မီးရှို့နိုင်ခဲ့သည်။ ယခုအချိန်တွင် တတိုင်းတပြည်လုံးက မိမိတို့လူမျိုး နယ်မြေအလိုက် တစ်-နှစ်-သုံး- ပြိုင်တူ ထ၍ နအဖအားဖြုတ်ချရသည့်အခါ ချိုးနယ်မြေနှင့် ချိုးလူမျိုး အဆင်သင့်ဖြစ်နေရန် ‘ချိုး’ပြည်သူ့တပ်မတော်က ပြင်ဆင်နေပြီဖြစ်သည်။

 

ချိုးပြည်သူ့ တပ်မတော်

 

 

ရည်မှန်းချက်

၁။ စစ်အာဏာရှင်တိုက်ဖျက်ရေး

၂။ ချိုးအမျိုးသား၊ ချိုးနယ်မြေကာကွယ်စောင့်ရှောက်ရေး

၃။ ချိုးအမျိုးသားဂုဏ်သိက္ခာနှင့် အမျိုးသားစည်းကမ်း ထိန်းသိမ်းမြှင့်တင်ရေး

၎။ တိုင်းရင်းသားချစ်ကြည်ရေးနှင့်တန်းတူရေး

၅။ ဖွံဖြိုးတိုးတက်ရေး

 

အခွင့်အာဏာ

အကောင်အထည်ဖော်ခွင့်အာဏာ

ဖွဲ့စည်းမ

၁။ ချိုးတိုင်းရင်းသားကောင်စီဥက္ကဌသည် တပ်မတော်၏ စစ်သေနာပတိချုပ်

၂။ ချိုးတိုင်းရင်းသားကောင်စီ၏ ကာကွယ်ရေးဌာနတာဝန်ခံသည် တပ်မတော်၏ကာကွယ်ရေးဦးစီးချုပ်

၃။ တပ်ရင်းတပ်ဖွဲ့များ ဖွဲ့စည်းပုံသည် စစ်တပ်များဖွဲ့စည်းအုပ်ချုပ်ပုံ

 

တာဝန

အထူးကာလတာဝန်

၁။ စစ်ရေးတည်ဆောက်ရေးနှင့် ပြင်ဆင်ရေး

၂။ လူထုစည်းရုံးရေး

၃။ မဟာမိတ်ချစ်ကြည်ရေး

သာမန်ကာလတာဝန

၁။ ကာကွယ်စောင့်ရှောက်ရေး

၂။ ဖွံ့ဖြိုးတိုးတက်ရေး

 

သက်တမ်း

၁။ အထူးတာဝန်ကို ၂၀၀၈မှ ၂၀၁၀ သတ်မှတ်သည်

၂။ သာမန်တာဝန် ၂၀၁၀တွင် သတ်မှတ်မည်

တပ်မတော်စစ်ရေးအရာရှိများတာဝန်ပေးခန့်အပ်ခြင်း

၁။ ဦးစီးချုပ် - ဆလိုင်းကျော်ဦး

၂။ ဒု ဦးစီးချုပ် - ဆလိုင်းဂေထန်း

 

 

 

 

Back to Oraganizations page

 

Copyright ฎ 2009 chopakhui.com/choethnic

K'cho Ethnic
 CHOPAKHUI.COM 

K'cho Ethnic Website