Back to Oraganizations page

 

 

 

  K'cho Ethnic Council

Read More

 K'cho Ethnic Associations 

Read More

 K'cho People Army 

Read More

  K'cho Domestic Organizations 

Read More

 The Brief Background Process

 

‘ချိုး’ နိုင်ငံရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများ နောက်ခံသမိုင်းဖြစ်စဉ်အကျဉ်းချုပ်

‘ချိုး’ ဒေသသို့ မည်သည့်အချိန်ကစတင်၍ မည်သည့်အကြောင်းကြောင့် ‘ချိုး’လူမျိုးများ ရောက်ရှိ၊ အ ခြေချနေထိုင် ကြရသည်ဆိုသည့် သမိုင်းသုတေသီတို့၏ ခန့်မှန်းအဆိုများရှိပါသည်။ အတိအကျ ပြောဘို့ ရန်မရှိပါ။ ‘ချိုး’ ဒေသနှင့် ဗမာဒေသသည် နယ်မြေချင်း ထိစပ်နေသည်။ သမိုင်းလည်း ဆက်နွယ်သည်။ ဆွေမျိုးလည်း နီးစပ်ပါသည်။ ‘ချင်းနှင့်ဗမာ ဆွေရင်းချာ၊ ဗမာနှင့်ချင်း ဆွေမျိုးရင်း’ဟု ဆိုကြပါသည်။ အင်္ဂလိပ်တို့အဆိုတွင် ချင်းနှင့်ဗမာသည် အစဉ်အမြဲအနိုင် အထက်ရှိကြသည်။ ဗမာပြည်ကိုသိမ်း ပိုက်ပြီး သည့်နောက် ချင်းတောင်အား ဆက်လက်သိမ်းပိုက်ရခြင်းမှာ ဗမာကို ချင်းတို့ရန်မှကာကွယ်ရခြင်းဖြစ်သည်ဟု ဆိုသည်၊ ချင်းဟုခေါ်သော ချိုးတို့သည် ဗမာပြည်မှ ချင်းတောင်တန်း များပေါ်သို့ တက်ရောက် နေထိုင်လာကြသူများဖြစ်သည်။ နိုင်ငံရေးနောက်ခံအခြေအနေကို ပြန်ဆန်းစစ်ပါက ဗမာ ဒေသနှင့် ထိစပ်နေသော ယောနယ်တွင် ဗမာရှင်ဘုရင်များ၏ သြဇာသက်ရောက်မှု၊ ဗမာနှင့်ယဉ်ကျေးမှု ဆက်နွယ်ခြင်း များရှိပါသည်။

အ၈င်္လိပ်-မြန်မာ ပထမစစ် (၁၈၂၄-၂၆) ကတည်းက အင်္ဂလိပ်သို့ မြန်မာကပေးလိုက် သော ရခိုင်ဒေသ တွင် ‘ချိုး’နယ် မြေအချို့ ပါဝင်ခဲ့သည်။ ဒုတိယစစ် (၁၈၅၂)၊ တတိယစစ် (၁၈၈၅)တို့ပြီး သည့်နောက် ဆက်လက်၍ ၁၈၈၆-၈၇ တွင် ချိုးနယ်မြေ ယောနယ်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့သည်။ ဆက်လက်၍ ၁၈၈၇-၈၉ အတွင်း မင်းတပ်မှ အနောက်ဘက် မိုင် (၂၀)အထိ ချိုးနယ်မြေကို Talk at Htilin on 16th December 1889 အရ အင်္ဂလိပ်သို့ ပေးလိုက်ရပြန်သည်။ ကျန်ရှိ သော နယ်မြေများကို မစွက်ဖက်ရေးမူ ထားရှိခဲ့ကြသည်။ သို့သော်လည်း ၁၉၃၀-၄၀ အတွင်း ကျန်ရှိနယ်မြေများကို လည်း အင်္ဂလိပ်တို့က ၄င်း တို့ အုပ်ချုပ်ရေးအောက်သို့ တဖြည်းဖြည်းချင်း သွတ်သွင်းခဲ့ကြသည်။ သို့ဖြစ်၍၁၈၈၆ ဒီဇင်ဘာလတွင် စတင်သော နယ်ချဲ့အင်္ဂလိပ်၏ ကျူးကျော်စစ်ကို ခုခံတွန်းလှန်သည့် လက်နက် ကိုင် တိုက်ပွဲများသည် ၁၉၃၉ ထိတိုင် ‘ချိုး’ဒေသတွင် အဆက်မပြတ်ခဲ့ချေ။ ၁၉၄၁ဒီဇင်ဘာလတွင်စတင် သော ဒုတိယကမ္ဘာစစ် ၏ အထောက်အကူဖြင့် အင်္ဂလိပ်အား ချိုးးဒေသမှ ပြန်လည်မောင်းထုတ်နိုင်ခဲ့ပြီး ၁၉၄၂ ဧပြီလ ()ရက် နေ့တွင် လွတ်လပ်ရေး ကြေငြာခဲ့သည်။ ၁၉၄၂-၄၅အတွင်း ပြင်ပ အကူအညီနှင့် စွက်ဖက်မှု ကင်းရှင်းစွာ ဖြင့် ချိုးဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးကို အခြားသောတိုင်းရင်းသားလူမျိုးများနှင့် အ တူတကွရယူရေး မဟာဗျူဟာအရ ၁၉၄၅ အင်္ဂလိပ် ပြန်အ၀င်ကို ‘ချိုး’က လက်ခံခဲ့သည်။ သို့ဖြင့် ၁၉၄၈တွင် ‘ချိုး’ အပါအ၀င် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည်၊

ဗြိတိသျှနယ်ချဲ့တို့၏ ကိုလိုနီပြုအုပ်ချုပ်ခြင်းကို တော်လှန်ရခြင်းကြောင့် နိုင်ငံရေးအဖွဲ့အစည်း ဆိုသည် မှာလည်း ပေါ်ပေါက်လာရသည်။ ၁၉၂၈ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ‘ချင်း’ ဟုခေါ်သော‘ချိုး’ အမျိုးသားများ ဖွဲ့စည်း ထူထောင်သည့် ‘ချင်းတောင်ညီညွတ်ရေးအဖွဲ့’သည် ချင်းအမျိုးသားတို့၏ ပထမ ဦးဆုံးသော နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်။ ယင်း၏အောင်မြင်မှုများမှာ -

•      ‘ချိုး’ဒေသကို ဗြိတိသျှလက်မှ ပြန်လည်သိမ်းပိုက်၍ ၁၉၄၂ခုနှစ် ဧပြီလ ()ရက်နေ့မှ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ()ရက်နေ့အထိ ကိုယ်ပိုင်အုပ်ချုပ်နိုင်ခဲ့သည်။ အခြား တိုင်းရင်းသားလူမျိုးများနှင့်လက် တွဲ၍ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသည်အထိ နယ်ချဲ့ဗြိတိသျှအားတော်လှန်အောင်မြင်ခဲ့ကြသည်။

• ပြည်ထောင်စုအရေးအတွက် ပင်လုံညီလာခံ ကျင်းပနိုင်ရန် တောင်တန်းပြည်မ ပူးပေါင်းရေးစည်းရုံးမှု ကို ချင်းအမျိုး သားထုအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

• ‘ချင်း-မြန်မာ ချစ်ကြည်ရေး ညီလာခံ’ ကို ၁၉၄၇ခုနှစ် မတ်လ ()မှ ()ရက်နေ့အထိ ထီးလင်းမြို့ တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

• ‘ချင်းဝိသေသတိုင်းလုံးဆိုင်ရာ ညီလာခံ’ကို ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်မှ (၂၂)ရက်နေ့အထိ ဖလမ်းမြို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ချင်းတောင်အုပ်ချုပ်ရေးစနစ် ချမှတ်နိုင်ခဲ့ပြီး‘ချင်းအမျိုး သားနေ့’ကိုလည်း မွေးဖွား ပေးခဲ့ကြသည်။

• မြန်မာနိုင်ငံတွင် ဒေသန္တရအုပ်ချုပ်ရေးကို ဒီမိုကရေစီစနစ်ဖြင့် အဦးဆုံး ဖော်ဆောင်နိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက် ပါလီမန်ဒီမိုကရေစီခေတ်၊ ဦးနုအစိုးရလက်ထက်တွင်အပ်ဖျား ပေါ်တင်နေ သည့် မုံညင်းစေ့အလား ဆိုးဝါးနေသည့် ပြည်ထောင်စု၏ ငြိမ်းချမ်းတည်မြဲရေးကို ပြန်လည် ကယ်တင်နိုင်ခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ သဘောတူညီထားခဲ့သည့် ပြည်ထောင်စုမူမှ သွေဖီ၍ ပေါ်ပေါက်လာသော မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇)အပေါ်မကျေနပ်မှုရှိ သော်လည်း ပါလီမန်တွင်ငြိမ်းချမ်းစွာ ဖြေရှင်းရန် ‘ချိုး’က ဆန္ဒရှိခဲ့သည်။

၁၉၆၂ခုနှစ် မတ်လ()ရက်နေ့ ဗိုလ်နေ၀င်းဦးဆောင်သောစစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းသည့် နောက် မဆလတပါတီအာဏာရှင်လက်ထက်တွင်လည်း ပြည်တွင်းစစ်ဆင်နွှဲလိုခြင်းမရှိသဖြင့် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်၍ မဖြေရှင်းမိရန် ‘ချိုး’က ဆက်လက်၍ သတိထားခဲ့သည်။ ‘ချိုး’အမည်နာမ ဖြင့်မဟုတ်သော်လည်း နိုင်ငံရေးလှုပ်ရှားသူများ အဆက်မပြတ်ရှိပါသည်။ ဥပမာ - ၁၉၆၂ နေ၀င်း အာ ဏာသိမ်းစဉ်က တက္ကသိုလ်ကျောင်းသား သပိတ် ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ဦးစီးမှုဖြင့် ဆေးတက္က သိုလ် ဒုတိယနှစ် ကျောင်းသား ‘လောဘူကီး’ ဖမ်းဆီးထောင်ချခံရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ အနောက်မြောက်ပိုင်းတိုင်းမှူး ‘ဦးထန်းလိန်းဂေ’သည်လည်း မသမာသူတို့၏ သတင်းပေးချက်ကြောင့် ပခုက္ကူအခြေစိုက် ခလရ (၈၇)၏ သတ်ဖြတ်ခြင်းကိုခံရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြံပြုချက်နှင့် ပါတ်သက်၍ ‘ချိုး’အမျိုးသား ဆယ်တန်းအောင်နှင့်အထက် ပညာတတ်အားလုးံ နီးပါးကို နေ၀င်းက ၁၉၇၂ -၇၃ များတွင် ဖမ်းဆီးထောင်ချ၍ ၁၉၇၄တွင်သာ ပြန်လွှတ်ခဲ့သည်။

၁၉၈၈ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် တတိုင်းတပြည်လုံးအတိုင်းအတာဖြင့် ‘ချိုး’ က တက်ကြွစွာပါဝင်ခဲ့ သည်။ ‘န၀တ’ အမည်ဖြင့် စစ်တပ်မှ အာဏာသိမ်းခဲ့ပြန်သည်။ ပါတီစုံဒီမိုကရေစီကျင့် သုံးပါမည်ဟု ပါတီမှတ်ပုံတင်ခွင့် များ ဖွင့်ပေးခဲ့သည်။ အလျှိုလျှိုမှတ်ပုံတင်ကြ၍ ပါတီကြီးငယ်နှစ်ရာကျော် ပေါ်ပေါက်သည်။ ‘ချိုး’က ပါတီမထောင်၊ သတိကြီးစွာပင် ဆက်လက်စောင့်ကြည့်နေခဲ့သည်။ ‘န၀တ’သည် ၁၉၉၀ပြည့်နှစ် မေလ (၂၇)ရက်တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးသော်လည်း အနိုင်ရ ပါ တီအား အာဏာလွှဲအပ်ရန် ငြင်းဆိုခဲ့သည်၊ အစမူလကတည်းက အရေးအခင်းငြိမ်သက်ရန် ပရိယယ်ဆင် ခြင်းဖြစ်သည်ကို ‘ချိုး’က ရိပ်မိသည်။

ရှစ်လေးလုံးအရေးအခင်းနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွင် CNF ဖွဲ့စည်းကြောင်း ကြားသိသည်နှင့် ဆလိုင်းအောင်သန်း (ခေါဂေအောင်)ကို ကန်ပက်လက်မှ စေလွှတ်ခဲ့သည်။ သို့သော် လည်း ကျွနုပ်တို့လိုလားသော ချင်းမျိုးနွယ်စုများစုစည်းသည့်အဖွဲ့မဟုတ်သဖြင့် မပါဝင်ခဲ့ချေ။ ယင်းသို့ ဖြင့် အိန္ဒိယပြည်၊ မီဇိုရမ်းပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ၁၉၉၈ခုနှစ် ဇန်နာဝါရီလ ()ရက်နေ့၌ ‘ချိုးလူ ငယ်များအဖွဲ့’ကို စတင်ထူထောင်၍ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။

‘ချိုးလူငယ်များအဖွဲ့’၏ ဆောင်ရွက်ချက် အကျဉ်းချုပ်မှာ -

• အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းဒေသတွင် တခါမျှ မကျင်းပခဲ့ဘူးသော ချင်းအမျိုးသားနေ့အခမ်းအနားကို ‘ချိုးလူ ငယ်များအဖွဲ့’၏ ဦးဆောင်မှုဖြင့် ၁၉၉၈ခုနှစ်ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကျရောက်သော ချင်းအမျိုး သားနေ့ရွှေရတုသဘင်အခမ်းအနား ကို အိုက်ဇောလ်မြို့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

• အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ အကြမ်းမဖက် ချင်းနိုင်ငံရေးအဖွဲ့များ၊ တိုင်းရင်းသားတပ်ပေါင်းစုများတွင် ပူးပေါင်းပါဝင်ရန် ‘ဆလိုင်းကီးလဲအောမ်း’ အား စေလွှတ်ခဲ့သည်။ Chin National Council (CNC), Chin Forum Management Body (CFMB), United Nationalities Democratic Congress (UNDC), Burma Campaign India (BCI) တို့တွင် ပါဝင်၍ ချင်းအမျိုးသားများစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်ရေးတို့ကို တတ်အားသရွေ့ လုပ်ဆောင်ခဲ့သည်။ ၄င်းမှ CNC (Mizoram Chapter), UNDC (Mizoram Branch)တို့ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ သည့်အပြင် Minority Rights Seminar များကို CNC အမည်နာမဖြင့် ဒေလီ၊ မီဇိုရမ်တို့ တွင် ၁၉၉၉ မတ်လ၊ မေလများ၌ ကျင်းပနိုင်ခဲ့သည်။ နယူးဒေလီ၌ 4-8th Apr:2000 ကျင်းပသော 2nd Chin Seminar သို့ ကိုယ်စားလှယ်နှစ်ဦး စေလွှတ်၍ ‘ချိုး’၏ သဘောထားကို တင်ပြခဲ့သည်။

• ချိုးလူငယ်များအဖွဲ့သည် ၁၉၉၉ခုနှစ် ဇန်နာဝါရီလ (၂၁)ရက်နေ့တွင် ‘ချိုးအရေး နှီးနှော ဖလှယ်ပွဲ’ `Seminar on K'Cho Issue’ ကို ကျင်းပ၍ ချိုးရပ်တည်ချက်များကို ချမှတ်သည်။ ယင်းအရ ‘နိုင်ငံရေး ကော်မိတီ’ကို သီးသန့် ဖွဲ့စည်းခဲ့ သည်။ ‘ချိုး’ ၏ ရပ်တည်ချက်ကို သဘောတူထောက်ခံသော Zomi Youth Organization (ZYO), Khumi Youth Association (KYA), Lai Youth Association (LYA)တို့ ပေါ်ပေါက်လာခဲ့သည်၊ ၁၉၉၉ ဇွန်လ (၂၀)ရက်နေ့တွင် CYA, KYA, LYA, ZYO ပူးပေါင်း၍ Combined Youths of the Chin Tribes’ Joint Seminar ကို ကျင်းပ၍ အမျိုးသားရေးအမြင် နှီးနှော ဖလှယ်ခဲ့သည်။ ၂၀၀၀ခုနှစ် စက်တင်ဘာလ (၂၈)ရက်နေ့တွင် CYA, KYA, LYA, ZYO ပူးတွဲ အစည်း အဝေးကျင်းပ၍ ဘုံရပ်တည်ချက်နှင့် ပူးပေါင်းလုပ်ဆောင်ရမည့်လုပ်ငန်းအစီအစဉ် ချမှတ်ခဲ့သည်၊ ဘုံစုရပ် အမည်ကို Chin Tribal Associations of Zo, Lai, K'Cho, Khumi ယာယီအသုံးပြု၍ K'Cho Tribal Association, Khumi Tribal Association, Laimi Tribal Association, Zomi Tribal Associa-tion ပေါ်ပေါက်ရန်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအခြေခံတည်ဆောက်မှုများ အသီးသီးလုပ်ဆောင်ရန်၊ ချင်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားပြုသော ဘုံအဖွဲ့အစည်းပေါ်ပေါက်ရေး လုပ်ဆောင်ရန်၊ မီဇိုရမ် ဒေသတွင်ခိုလှုံနေသော ချင်းဒုက္ခသည်များ အန္တရယ်ကင်းရှင်းစွာနေထိုင်ရေးကို မီဇိုရမ်းအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့သည်။

• ၂၀၀၀ပြည့်နှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် Chin Tribal Associations of Zo, Lai, Cho and Khumi မှ ချင်းတမျိုးသားလုံးကိုယ်စားပြုသော ဘုံအဖွဲ့အစည်း ပေါ်ပေါက်ရေး အစည်းအဝေးကျင်းပ၍ ‘ချင်းမျိုးနွယ်စုံအစည်းအဝေး ကြီးတစ်ရပ်ခေါ်ယူကျင်းပရန် ဆုံးဖြတ်သည်၊ ၂၀၀၁ခုနှစ် မတ်လ (၁၅) ရက် နေ့ အစည်းအဝေးမှ Organizing Committee ကို ဖွဲ့စည်းသည်။ ၄င်းညီလာခံကျင်းပရေးအတွက် NRPမှရရှိသော USD $.10000 (တစ်သောင်း)ကို ဘဏ္ဍာငွေရှာကြံရေးတာဝန်ယူထားသော CNF မှ Organizing Committee သို့ အပ်နှံခြင်းမရှိသဖြင့် အစီအစဉ် ပျက်ခဲ့ သည်။

• ဒေလီတွင်ကျင်းပခဲ့သမျှသော ချင်းအမျိုးသားနေ့အခမ်းအနားများတွင် မျိုးနွယ်စုကြီးအလိုက်သဘာပတိ ထားရှိရန် အစဉ်တင်ပြသော်လည်း လိုက်နာခြင်းမရှိကြသဖြင့် ၂၀၀၂ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက် နေ့ကျရောက်သော ၅၄ နှစ် မြောက် ချင်းအမျိုးသားနေ့ကို အရှို၊ ချိုး၊ ခူမီး၊လိုင်မီး၊ နာဂ၊ ဇိုမီး သဘာပတိ ()နေရာထားရှိ၍ သီးခြားကျင်းပခဲ့သည်။

• ချင်းအမျိုးသားစုစည်းညီညွတ်ရေးအတွက် ၂၀၀၆ခုနှစ် ဧပြီလ ()ရက်နေ့ကျရောက်သောKum Thi နှစ်သစ်ကူးနေ့ တွင် ‘ချင်းတိုင်းရင်းသားများစုရပ်’ ‘Chin Ethnic Forum’ ထူထောင်ရေးဆွေးနွေးသော်လည်း လိုင်မီး။ ဇိုမီးများ တက်ရောက်လာခြင်းမရှိကြသဖြင့် မအောင်မြင်ခဲ့ချေ၊

အထက်ဖော်ပြပါအကြောင်းရပ်များကို ၂၀၀၇ခုနှစ် တနှစ်လုံး ပြန်လည်သုံးသပ်ရာတွင် ချင်းအမျိုးသားများ စုစည်း ညီညွတ်ရေးကြိုးပမ်းခြင်းဖြင့်သာ အချိန်ကုန်၍ ‘ချိုး’အရေး လစ်ဟင်းနေကြောင်းတွေ့ရှိလာရသည်။ သို့ဖြစ်၍ ၂၀၀၈ခုနှစ် ဧပြီလ ()ရက်နေ့တွင် ချိုးတိုင်းရင်းသားအစည်းအရုံးများ K'Cho Ethnic Associations နှင့် ချိုးတိုင်းရင်းသားကောင်စီ K'Cho Ethnic Council တို့ ပေါ်ပေါက်လာခဲ့ သည်။

 

မှတ်ချက် - အပြည့်အစုံသိရှိလိုပါက ဆလိုင်းကီးလဲအောမ်းရေးသားသော ဗြိတိသျှခေတ် ‘ချိုး’ဒေသ အုပ်ချုပ်ရေးအမြေအနေ အကျဉ်းချုပ်စာတမ်း၊ ချိုးလူငယ်များအဖွဲ့၏ ချင်းအမျိုးသားများစုစည်းညီညွတ်ရေးလုပ်ဆောင်ချက်များ၊ ၁၉၄၈ - ၅၀ ချင်းရေးရာဌာန၀န်ကြီးမင်း ဦးဝမ္မသူးမောင်းဟောပြောသော အထွေထွေမိန့်ခွန်းများကို ဆက်လက်ဖတ်ရှုပါရန်

 

 

Copyright ฎ 2009 chopakhui.com/choethnic

K'cho Ethnic
 CHOPAKHUI.COM 

K'cho Ethnic Website