ချိုးတိုင်းရင်းသားကောင်စီ
တံဆိပ်နှင့်logo
Ai ng'loi and K'Chum ng'loi (အမျိုးသားရေးကို ဦးထိပ်ပန်ဆင်ခြင်း အဓိပ္ပါယ်)
အလံ
အလျား၊ အနံ - ၅း ၃ ရှိသည်။အရောင် - ထိပ်ဆုံးတွင် ကောင်းကင်ပြာ (အေးချမ်းတည်ငြိမ်ခြင်း အဓိပ္ပါယ်)၊ အလယ်တွင် အစိမ်းရောင် (စိမ်းလန်းစိုပြေ သာယာဝပြောခြင်း အဓိပ္ပါယ်)၊ အောက်ဆုံးတွင် အနီရောင် (ခိုင်မာခြင်း အဓိပ္ပါယ်)၊ အလံ၏အလယ်တွင် အောက်ချင်းငှက်တကိုယ်လုံးပုံ (အမျိုးသားကိုယ်စားပြု အဓိပ္ပါယ်)၊ အလံတခုလုံး၏ အဓိပ္ပါယ်မှာ မြေကြီး၊ တောတောင်မြစ်ချောင်း၊ ကောင်းကင်တို့ကိုပိုင်ဆိုင်သော လူမျိုး ဖြစ်သည်။ ချိုးတိုင်းရင်းသား တွင် အလံတော်တခုတည်း ရှိသည်၊
ရည်မှန်းချက်
၁။ ချိုးအမျိုးသား၊ ချိုးနယ်မြေ၏ တည်တံ့ခိုင်မြဲရေး၊
၂။ ချိုးအမျိုးသား၊ ချိုးနယ်မြေ၏ မိမိကိုယ်မိမိ အပြည့်အ၀ပိုင်ဆိုင်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊
၃။ ချိုးအမျိုးသားအချင်းချင်းဖြစ်စေ၊ အခြားတိုင်းရင်းသားလူမျိုးများနှင့်ဖြစ်စေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊
၎။ ချိုးအမျိုးသားနှင့် ချိုးဒေသ၏ ဖွဲ့ဖြိုးတိုးတက်ရေးနှင့်သာယာဝပြောရေး။
အခွင့်အာဏာ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာ Autonomy Power
အာဏာအပ်နှင်းခြင်း ဤအခွင့်အာဏာကို အောက်ပါ အာဏာပိုင်သုံးရပ်သို့ ခွဲဝေအပ်နှင်းသည်။
ကော်မိတီများ
၁။ ဥပဒေပြုကော်မိတီ Legislative Committee
၂။ စီမံခန့်ခွဲရေးကော်မိတီ Administrative Committee
၃။ တရားစီရင်ရေးကော်မိတီ Judiciary Committee
ဖွဲ့စည်းမှု
၁။ ဥပဒေပြုကော်မိတီကို မဲဆန္ဒနယ်မြေအလိုက် ဦးရေအညီအမျှစေလွှတ်သော ကိုယ်စားလှယ်များ Members of Legislative Assembly ဖြင့် ဖွဲ့စည်းသည်။
၂။ စီမံခန့်ခွဲရေးကော်မိတီကို Legislative Assembly အစည်းအဝေးမှ သင့်တော်သူများနှင့် သင့်တော်သောအရေ အတွက်တို့ဖြင့် ဖွဲ့စည်းသည်။ MLAs, CEA Representatives, Army Chief တို့ပါဝင်သည်။
၃။ တရားစီရင်ရေးကော်မိတီကို Legislative Assembly အစည်းအဝေးမှ သင့်တော်သော ဥပဒေပညာရှင်မျာနှင့် သင့်တော်သောအရေအတွက်ဖြင့် ဖွဲ့စည်းသည်။
သက်တန်း ပထမကောင်စီကို ၂၀၁၀ အထိ တာဝန်ပေးထားသည်
တာဝန်
၁။ ဥပဒေပြုကော်မိတီအား ‘ချိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေ’ (မူကြမ်း) ရေးဆွဲရေးနှင့် စီမံခန့် ခွဲရေးကော်မိတီ၏ အတိုင်ပင်ခံတာဝန်ကို ပေးအပ်သည်။
၂။ စီမံခန့်ခွဲရေးကော်မိတီအား လူထုအစည်းအရုံးများနှင့် တပ်မတော်တို့ကို ဦးဆောင်၍ အထက်ပါရည်မှန်းချက် များ အကောင်အထည်ဖော်ရန် တာဝန်ပေးအပ်သည်။
၃။ တရားရေးကော်မိတီအား ချိုးတရားစီရင်ထုံးများ စနစ်တကျ ပြန်လည်ပြုစု ပြင်ဆင်ရေးတာဝန် ပေးအပ်သည်။
အထူးတာဝန် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ပထမကောင်စီအား အထူးတာဝန် ပေးအပ်သည်။